
မင်္ဂလာပါချစ်မိတ်ဆွေများ
မိတ်ဆွေများအတွက်တစ်နေ့တာ
စိတ်ဖိစီးမှုများ၊ အလုပ်အတွင်း
အဆင်မပြေမှုများ၊
ရည်းစား/အိမ်ထောင်ဖက်နှင့်
အဆင်မပြေမှုများ၊
Stress, Pressure များ
အစရှိသည့်စိတ်ခံစားမှုများအား
လျှော့ပါးသက်သာစေလိုသော
ရည်ရွယ်ချက်နှင့်
"Mojito" အားမိတ်ဆက်
လိုက်ပါတယ်။ "Mojito" ဟာနာမည်ကြီး
Cocktail တစ်မျိုးဖြစ်ပြီး
နိုင်ငံတစ်ကာမှာရှိသော Bar များမှာရရှိနိုင်ပါတယ်။
နဂိုမူလအားဖြင့် Cuba နိုင်ငံမှစတင်တာဖြစ်ပါတယ်။
ကဲ Concoction (ဖျော်စပ်ပုံ) ကိုကြည့်ကြရအောင်၊
1.5 oz Rum (Dark rum or White rum)
3 teaspoons Fresh Lime Juice (သံပုရာသီးကိုညှစ်ပြီးထည့်ခြင်း)
2 teaspoons sugar
3 sprigs of mint (ပူဒီနာ ၃ခက်)
Ice (ရေခဲကိုထုခွဲခြေပြီးထည့်ပါ)
Soda water (7 up သို့မဟုတ် Sprite ကိုလည်းအသုံးပြုနိုင်ပါတယ်)
တို့ပါဝင်ပါတယ်။ ပူဒီနာရွက်အားခြေပြီးထည့်ကအနံ့ပိုမိုကောင်းမွန်ပါတယ်။
အားလုံးစုံအောင်ထည့်ပြီးနောက်သမအောင်မွှေလိုက်ပါ၊
အခုဆိုရင်ဖော်ပြပါပုံအတိုင်း ချိုမြခါးစိမ့်ပြီး သံပုရာနှင့်ပူဒီနာ အနံ သင်းပျံသော
“Mojito Cocktail” ကိုရရှိမှာဖြစ်ပါတယ်။
အရက်သောက်ခြင်းဟာ ၁ပါးသီလ ကိုခြိုးဖောက်ခြင်းဖြစ်သော်လည်း
တစ်ခြားသော စိတ်ဖိစီးမှုလျှော့ပါးစေရန် လုပ်ဆောင်တတ်ကြသော
ဆေးလိပ်သောက်ခြင်း၊ ကာမ လိုက်စားခြင်း များထက်စာ
လျှင်ပိုမိုကောင်းမွန်သောလုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
မိတ်ဆွေများကိုအကြံပေးလိုတာကတော့
တစ်ခွက်ထက်ပိုမိုမသောက်သုံးဖို့ပါဘဲ။
တန်ဆေးလွန်ဘေးပေါ့ဗျာ၊ အိမ်ထောင်ရှင်များလည်း
အိမ်ထောင်ဖက်ရဲ့ညိုညင်ခြင်းမှကင်းဝေးနိုင်တာပေါ့။
အရက်သောက်ခြင်းဟာသွေးလည်ပတ်မှု Blood Circulation
ကိုကောင်းမွန်စေတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများကို
ဆရာဝန်များမှနေ့စဉ် 30 mm (Whisky or Rum or Brandy)
ကိုပုံမှန်သောက်သုံးဖို့ညွှန်ကြားလေ့ရှိပါတယ်။
ကျွန်တော့်၏ချစ်မိတ်ဆွေများ “Mojito” ကိုပျော်ရွှင်စွာသောက်သုံးခြင်းဖြင့်
ဘ၀ အမောများပြေနိုင်ကြပါစေ။
Cheers,
M@x